ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေး ‌ဆွေးနွေးပွဲအခမ်းအနားပြုလုပ်

ကသာ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ဆရာမများ ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ် ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ဆွေးနွေးပွဲကို ၂၄-၃-၂၀၂၄ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား ခဲ့သည်။

ကသာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် (လုပ်ငန်းခွင်ဝင်စ) စွမ်းရည်မြင့်မားရေးဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မတ်လ (၂၅)ရက်နေ့မှ(၃၀)ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကသာမြို့နယ် အတွင်းရှိ အခြေခံပညာမူလတန်းအဆင့်တွင် နည်းပြ(၂၄)ဦးနှင့် ကျောင်းဆရာ/ဆရာမ (၃၅၄)ဦး၊ စုစုပေါင်း (၃၇၈)ဦး၊ အလယ်တန်းအဆင့်တွင် နည်းပြ(၂၂)ဦး၊ ဆရာ/ ဆရာမ (၃၂၆)ဦး၊ စုစုပေါင်း (၃၄၈)ဦး တက်ရောက် လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ(ကသာ)