မိုင်းပျဉ်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ယမ်းခမ်းကျေးရွာစာကြည့်တိုက်အသစ်တည်ဆောက်ရေးကိစ္စ ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကျော်က စာကြည့်တိုက်အသစ်တည်ဆောက်မှုအတွက် ကျေးရွာတည်ဆောက်ရေးကော်မတီအနေဖြင့် ဝိုင်းဝန်းအားထည့်ဆောင်ရွက်ပေးရေးဆွေးနွေးမှာကြားရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကျော်က ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းလင်းဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ယမ်းခမ်းကျေးရွာအုပ်စု၊ ယမ်းခမ်းကျေးရွာ၌ တည်ဆောက်လျက်ရှိသော ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မှုအခြေအနေ၊ ပရိဘောဂဆောင်ရွက်မှုနှင့် စာအုပ်၊စာစောင်များဖြည့်သွင်းဆောင်ရွက်နိုင်ရေး၊ စာကြည့်တိုက်ဖွင့်ပွဲဆောင်ရွက်နိုင်ရေးနှင့် ရေရှည်ရှင်သန်တည်တံ့နိုင်ရေးတို့အတွက် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ယမ်းခမ်းကျေးရွာ၊ နမ့်ပိန်းခမ်းစာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ပရိဘောဂဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်တီဝင်များက ဆွေးနွေးတင်ပြကြပြီး၊ သိရှိလိုသည်များမေးမြန်းရာ၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ပြန်လည်ဖြည့်စွက် ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)