နတ်မောက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် နတ်မောက်မြို့ ပြည်သူ့စာကြည့်တိုက်သို့လာရောက် မငှားရမ်းနိုင်သည့်ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် သုတ၊ရသစာအုပ်စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
ထိုသို့ ကျောင်းသား/ကျောင်းသူများအား စာအုပ်စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင်ရုံးဝန်ထမ်းများက ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိတ်သတ်များငှားရမ်းဖတ်ရှုလိုသည့် စာအုပ်/စာစောင်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်အတွင်း ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ်များကို ငှားရမ်းပေးခဲ့ပြီး စာအုပ်များကို(၂)ပတ်တစ်ကြိမ် အသစ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း