တွံတေးမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ အခြောက်တစ်ဧက (၁၀၅.၄၆)တင်းနှုန်းထွတ်ရှိ
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ကွင်းဆင်း၍ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဘုရားငုတ္တို(မြောက်)ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁/၂၃ ကျိုက်တေးကွင်း ဦးပိုင်အမှတ် ၁/၁ ဧရိယာ(၇.၃၆)ဧက တောင်သူ MAPCO ဦးညီညီလွင်၏ စပါးမျိုးကွဲ(အညာသား)နွေစပါးကွင်းပေါ်တွင် စံကွက်ရိတ်သိမ်းခြင်းကို ၄-၄-၂၀၂၄ ရက်နေ့နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။