ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာ သန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုး ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး  မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များမှ အလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ အသက်(၇၀)နှစ်အထက်  အဘိုးအဘွားကျန်းမာရေးစောင့်ရှောက်မှု့ကို ငါးသိုင်းချောင်းမြို့တွင် သောကြာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)