ကြာအင်းဆိပ်ကြီး ဧပြီ ၅
ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲအား ကြာအင်းဆိပ်ကြီးမြို့နယ် စာစစ်ဌာနတွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ရဟန်း ရှင်သာမဏေ၊ မယ်သီလရှင်(၇၉)ပါး စာရင်းပေးသွင်းခဲ့ပြီး ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်းရှင်သာမဏေ မယ်သီလရှင် ပထမလတ်တန်းတွင်း (၄)ပါး၊ ပထမငယ်တန်းတွင် (၁၇)ပါး၊ အခြေပြုမူလတန်းတွင် (၃၁)ပါး၊ စုစုပေါင်း (၅၂)ပါးမှ ကြွရောက်ဖြေဆိုလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ရဟန်းရှင်သာမဏေ (၂၇)ပါးမှာ ကြွရောက်ဖြေဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။ ၎င်းစာမေးပွဲကို ဧပြီလ (၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)