ကျောက်ဆည်မြို့တွင် အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းဖွင့်လှစ်

ကျောက်ဆည် ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုင်ငံသူနိုင်ငံသားများ ပညာရယူရန်ကိရိယာဖြစ်သော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် နမူနာနည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်သွားရန်နှင့် ဒေသ၏အခြေခံစာတတ်မြောက်နှုန်း တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းကို အဆိုပါကျောင်းသုံးထပ်ဆောင်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

သင်တန်းသို့ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရူ့ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၁၈)ဦး သင်တန်းသူ(၃၄)ဦး စုစုပေါင်း(၅၂)ဦးတတ်ရောက်ခဲ့ပြီး သင်တန်းဆရာ၊ ဆရာမ(၅)ဦး၊ ဒေသခံလုပ်အားပေးနည်းပြ(၆)ဦး စုစုပေါင်း(၁၁)ဦးဖြင့် စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို ၂၀၂၄ခုနှစ် ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၀ ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံနှင့်နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ခရိုင်/ပြန်ဆက်)