မိတ္ထီလာ ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာနယ်မြေများအလိုက် စာသင်ဝိုင်း ၁၇ ဝိုင်းကို ယနေ့ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းမှာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း ၁၇ ဝိုင်းကို ကျေးရွာနယ်မြေများအလိုက် ယနေ့စတင်ဖွင့်လှစ်သင်ကြားတာ ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ယူ သင်ကြားပေးရတဲ့ မောက်လောက်အုပ်စု မောက်လောက် ကျေးရွာစာသင်ဝိုင်းကို အမက(၉၁)မောက်လောက် စာသင်ကျောင်း မှာဖွင့်လှစ်သင်ကြာပေးတာ ဖြစ်ပါတယ်။ စာသင်သား ၁၁ ဦး စာရင်းရှိပေမယ့် စာရင်းထဲက စာသင်သား ၂ ဦး ကွယ်လွန်သွားတာမို့ လက်ရှိစာသင်သား ၉ ဦးတက်ရောက် သင်ယူ နေပါတယ်ဟု မောက်လောက်စာသင်ဝိုင်းအား တာဝန်ယူသင်ကြားပေးသည့် အ.မ.က(မြင်းကန်) ကျောင်းအုပ်ဦးသိန်းလှိုင်က ပြောသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း ၁၇ ဝိုင်းအား ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့ အထိဖွင့်လှစ်ကာ စာသင်သားဦးရေ ၂၇၅ ဦး (စာရင်းရှိ) တက်ရောက်မည်ဖြစ်သည်။ အဆိုပါ စာသင်းဝိုင်း ၁၇ ဝိုင်းအား မုန်တိုင်၊ ကြွယ်ကန်၊ ကန်နီ၊ ဇရပ် ကုန်း၊ ရုံးတော၊ ဝါးရုံ၊ ဂဠုန်ကုန်း၊ မောက်လောက် ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာတွင် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ