သတင်းများ

မိုင်းရယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Apr 04,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကလောမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် Biometric Data ကောက်ယူခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေး
Apr 04,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများအား Biometiic Data များ ကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြန်မာသက္ကရာဇ် ၂၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က ဘုတ်ပြင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သပြေခန်းမ၌ ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ နွေရာသီအခြေခံအားကစားနည်း (၇)မျိုး သင်တန်းဆင်းပွဲကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်း(၇)မျိုးသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကရသူရိမြို့၌ ယိုးဒယား ကြက်မောက်သီး လှိုင်လှိုင်သီး၍ ဈေးကောင်းရရန်မျှော်မှန်းနေ
Apr 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် ကြက်မောက်သီး လှိုင်လှိုင်သီး၍ ဈေးကောင်းရရန်မျှော်မှန်းနေကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးကွင်းအတွင်း လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် သီးနှံအထွက်တိုးပွားရေး၊ သီးထပ်စိုက်ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး
Apr 04,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်နယ်အတွင်း သီးထပ်စိုက်ပျိုး စွမ်းအားမြင့်မားတိုးချဲ့လာစေရေး တောင်သူများအား ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ပမ္မတီးကွင်းအတွင်း လယ်သီးထပ်ဆောင်းသီးနှံ ပဲပုပ်စိုက်ခင်းများအား သွားရောက်ကြည့်ရှုူ စစ်ဆေးခဲ့ကြသည်။
ကျိုက်လတ်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်ပေး
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များ တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။