မိုးကုတ် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သပိတ်ကျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မြစိမ်းရောင်စီးမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် မြစိမ်းရောင်ကျေးရွာ(၄၀)ရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အဖွဲ့(၃)ဖွဲ့ခွဲ၍ တစ်ဖွဲ့ချင်းအလိုက် စီမံကိန်းနှင့်ပတ်သက်သည့် အားနည်းချက်/ အားသာချက်၊ အောင်မြင်ပြီးမြောက်သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးမှုနှင့်ပတ် သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)