သတင်းများ

ကျွန်းလှ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာစေရန်အတွက် ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံး ရေးသားနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က စာစီစာကုံး ရေးသားနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။
မြို့သစ်မြို့နယ်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာအခြေခံကောင်းများရရှိစေရန်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဧပြီ ၁ ရက် ညနေပိုင်းက မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၁၄/၂၀၂၄) အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၁၄/၂၀၂၄)အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ် အ.ထ.က ခွဲ (အမှတ်-၁) ၌ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်
Apr 03,2024
ပေါက်ခေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် နွေရာသီကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ခွဲ (အမှတ်-၁)၌ ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိ‌ကြောင်း သိရသည်။
လားရှိုးမြို့တွင် Biometric Data ကောက်ယူခြင်းများဆောင်ရွက်ပေးနေမှုများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး သွားရောက်ကြည့်ရှုအားပေး
Apr 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများအား Biometiic Data များ ကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ် တိုက်ကျောင်းပါဠိတက္ကသိုလ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုက်ကျာင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။