ဝမ်းတွင်းမြို့နယ်၌ ပါဠိပထမပြန် စာမေးပွဲဖြေဆို

ဝမ်းတွင်း  ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပါဠိပထမပြန် စာမေးပွဲကြီးကို ဧပြီလ(၃)ရက်နေ့မှ စတင်ကာ  ဗဟိုကျောင်းတိုက်တွင် ရဟန်း၊ သာမဏေ ၊ သီလရှင်ဆရာလေးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့်  ပါဠိပထမပြန် စာမေးပွဲကို နှစ်စဥ်ကျင်းပခဲ့ရာ ယခုနှစ်တွင် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ အခြေပြု မူလတန်း စသည့်အတန်းများအလိုက် ဆရာတော်များ၊ သီလရှင်ဆရာလေးတို့မှ ဝင်ရောက်ဖြေဆိုလျှက်ရှိပြီး အကြီးတန်းအနေဖြင့် ဒွေမာတိကာ ဘာသာရပ်၊  အလတ်တန်းတွင် ဒွေမာတိကာနှင့် ဓမ္မပဒဘာသာရပ်၊ အငယ်တန်းတွင် ဘိက္ခုပါတိမောက်နှင့် ဓမ္မပဒဘာသာရပ်၊ ကစ္စည်းသဒ္ဒါကြီးဘာသာ၊ အဘိဓမ္မတ္တသင်္ပဟဘာသာ၊ ယမိုက်အောက်(၅)ကျမ်း၊ ယမိုက်အထက်(၅)ကျမ်း၊ ဘာသာပြန်ဘာသာ၊ ပဋ္ဌန်းကုသလတိက်ဘာသာ၊ အခြေပြုမူလတန်းတွင် တိကမာတိကာ၊ ဒုကမာတိကာနှင့် ဓာတုကထာဘာသာ၊ သုတ္တန္တိကမာတိကာနှင့် ဓာတုကထာဘာသာ၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာရပ်များကို ဖြေဆိုလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်၌ ကျင်းပလျက်ရှိသော ပါဠိပထမပြန် စာမေးပွဲအား မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်ဆရာလေးတို့မှ ဝင်ရောက်ဖြေဆိုလျှက်ရှိပြီး ပထမကြီးတန်းတွင်(၇)ပါး၊ ပထမလတ်တန်းတွင်(၁၆)ပါး၊ ပထမငယ်တန်းတွင်(၃၂)ပါး၊ အခြေပြုမူလတန်းတွင်(၄၂)ပါး၊ စုစုပေါင်း(၉၂)ပါးက ဝင်ရောက်ဖြေဆိုလျက်ရှိကာ ရဟန်း၊ သာမဏေ၊ သီလရှင်ဆရာလေးတို့အတွက်  ဆွမ်း၊ ဘောဇဉ်၊ အချိုရည်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် အလှူရှင် ကုသိုလ်ရှင်များမှ ဆပ်ကပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ကိုရဲ(ဝမ်းတွင်း)