ချီဖွေမြို့နယ် (Community Centre)၌ စာဖတ်ရှိန် မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ချီဖွေ ဧပြီ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီက လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာမှတ်သားစေလိုကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်မည် ဖြစ်ကြောင်း၊ မိမိရည်မှန်းထားသောဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို ကြိုးစာသင်ယူပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ပျော်ပွဲရွှင်အဖြစ် ပူစီပေါင်း‌ ဖောက်ခြင်းနှင့် သံပုံးရိုက်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)