ကျိန္တလီ ဧပြီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိန္တလီမြို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးကျော်သောင်းနှင့်ဝန်ထမ်းများ ဆရာတော်၊သံဃာတော်များ ပင့်ဖိတ်၍ ပရိတ်တရားနာယူကာ အာရုဏ်ဆွမ်းနှင့်လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချူပ်ရေးမှူး ဦးဉာဏ်လင်းနှင့်ဌာနဆိုင်ရာများက ယခင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဆိုင်းဘုတ်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်ရှိ ဆိုင်းဘုတ်အသစ်အား ပြောင်းလဲတပ်ဆင်ပြီး အမွေးနံ့သာရည်များ ပက်ဖျန်းကာ ဆိုင်းဘုတ်အသစ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)