မဟာအောင်မြေမြို့နယ်အတွင်း၌ စာတတ်မြောက်ရေး သင်တန်းများဖွင့်လှစ်

မဟာအောင်မြေ ဧပြီ ၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ အများပြည်သူတစ်ဦးမကျန် စာတတ်မြောက်နိုင်စေရန် ယနေ့မှစတင်ပြီး စာတတ်မြောက်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများဖွင့်လှစ်ရခြင်းသည် လူတိုင်းပညာတတ်မြောက်စေရန်၊ စာမတတ်သူ ပ‌ပျောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်းနှင့် စာပေရေးသားဖတ်ရှုမှုအားနည်းသည့် အများပြည်သူများကို မဟာအောင်မြေမြို့နယ်အတွင်းရှိ (ထက်၊လယ်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်တက်‌ ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများနှင့် နည်ပြဆရာ၊ ဆရာမများမှ လာရောက်သင်ကြား‌ ပေးလျက်ရှိကြောင်းသိရသည်။ စာတတ် မြောက်ရေးလာရောက်သင်ကြားသူများအား နိုင်ငံတော်မှ တစ်ဦးလျှင် ဗလာစာအုပ် (၂) အုပ်၊ ခဲတံ (၂) ချောင်း၊ ပုံနှိပ်စာအုပ် မြန်မာစာ၊ သင်္ချာစာအုပ်များအား (အခမဲ့) ထောက်ပံ့ပေးခဲ့ရာ ခရိုင်ပညာရေးမှူး DR.ဒေါ်သက်လှစုမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးပြီး မဟာအောင်မြေမြို့နယ်အနေဖြင့် စုရပ် (၅) ရပ်ဖွဲ့၍ သင်ကြားပို့ချကာ သင်တန်းကာလများကို (၆.၄.၂၀၂၄) ရက်နေ့မှ (၁၅.၅.၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း