သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင် community centreခန်းမ၌ ”‌ ရေးသူ ဖတ်သူ ဆွေးနွေးပွဲ” ကျင်းပ
Apr 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ ယ‌မန်နေ့ နေ့လယ်၁:၀၀နာရီအချိန်က ပြည်သူများစာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ အစုအဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဒူဘိုင်းသို့ မိုင်ပေါင်းများစွာ စာအုပ်ဖြင့် ရေးသူဖတ်သူစာပေဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေး ဆိုင်ရာ လူထုအခြေပြုလေ့ကျင့်မှုစခန်း (CLC) တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး
Apr 05,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များသို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။    
အုတ်တွင်းမြို့ပေါ်ရပ်ကွက်အတွင်းသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်း
Apr 05,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ကြက်သွန်ခင်း(၁)ရပ်ကွက်အတွင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်သည်။
ပုဇွန်တောင်မြို့နယ်တွင် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်
Apr 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Apr 05,2024
ပူပြင်းခြောက်သွေ့သော ပွင်းလင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ အမှတ်(၁)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Apr 05,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ကဲလင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်သည်။
ပေါင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်
Apr 05,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့‌မွန်းလွဲ (၂) နာရီအချိန်က ကဒုံးစီးရပ်ကွက် ကဒုံးစီးတိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။