တံတားဦး ဧပြီ ၃
တံတားဦးခရိုင် တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာတွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရွာရှိ လောကမုနိ ဆုတောင်းပြည့်ဓမ္မာရုံတွင် ပြုလုပ်သည်။
ရှေးဦးစွာ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုတို့က အားပေးစကားများပြောကြားပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် စားနပ်ရိက္ခာဆန်များကို ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု(၃)စု၊ လူဦးရေပေါင်း (၁၀) ဦးရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက တစ်ဦးလျှင် ဆန် (၃) လစာ (၂၂.၅) ပြည် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)