သတင်းများ

ဟုမ္မလင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဧပြီ (၃)ရက်နေ့၊ မွန်းတည် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ်သံဃနာယကအဖွဲ့ရုံးတွင် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကသာမြို့တွင် ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိ
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့်ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲများကျင်းပ
Apr 03,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက် မွန်းတည့် ၁၂ နာရီက စတင်ကျင်းပလျက်ရှိသည်။
မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာ၌ လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် ယနေ့နံနက်(၃) နာရီ (၂) မိနစ်အချိန်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအား ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Apr 03,2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ပါဠိပထမပြန် စာမေးပွဲတော်ကြီးအား ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့ မွန်းတည့် (၁၂)နာရီအချိန်မှ စတင်ကျင်းပသည်။
ကျိုက်လတ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ကျင်းပ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့ စတင်ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ မိုးနှေင်းချည်မျှင်ရှည် (၁၀၇၆၇)ဧက စိုက်ပျိုးပြီးဖြစ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြို၊ မိုးနှောင်းကာလများတွင် ချည်မျှင်ရှည်ဝါများတိုးချဲ့၍ လျာထားစိုက်ပျိုးလျက်ရှိရာ မိုးနှောင်းချည်မျှင်ရှည်ဝါ (၁၀၇၆၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။