မော်လိုက် ဧပြီ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအပါအဝင် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျော့ချရေးအတွက် မော်လိုက်မြို့၌ မြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အမှာစကားပြောကြား သည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်က မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှုခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါက်တာကျော်ကိုကိုက မက်သဒုံးစင်တာတွင် မက်သဒုံးဖြန့်ဝေမှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများက ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)