သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး
Aug 21,2025
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oravacs) တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ကာ အခြေခံပညာ ကျောင်းများတွင် စတင်တိုက်ကျွေးခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့်‌ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Aug 21,2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်‌ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဖားကန့်မြို့ အခြခံပညာအထက်တန်း‌ကျောင်း ဥရုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ကျေးရွာများအရောက် မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ လူငယ်စကားဝိုင်း ပြုလုပ်
Aug 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)နှင့် လွိုင်လင်ခရိုင် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း(ပလပ်စတစ်အန္တရာယ် နှင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး) ခေါင်းစဉ်ဖြင့် အဆိုပါတက္ကသိုလ်ခန်းမ၌ ယမန်နေ့နံနက်(၁၀) နာရီက ပြုလုပ်ကျင်းပပါသည်။
ကျောက်ဆည်မြို့နယ် ဒေသတွင်းစားသုံးဆီဖူလုံရေး မိုးနှမ်းသီးနှံများ စိုက်ပျိုး
Aug 21,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပန်းခွာကျေးရွာတွင် မိုးနှမ်းသီးနှံ ၂၆ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ တိုက်နယ်(၁)အုပ်စုတွင် ကျေးရွာအုပ်စု(၇)စုပါဝင်ပြီး ပန်းခွာကျေးရွာအပြင် ကျီးပြကျေးရွာအုပ်စု၌ (၆၉) ဧက၊ သင်ပျိုကျေးရွာအုပ်စု၌ (၁၀၇)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စု၌ (၁၃၅)ဧက၊ ဒွေးလှကျေးရွာအုပ်စု၌ (၃၅)ဧက၊ ငါးဆူကျေးရွာအုပ်စု၌ (၁၄၀)ဧက၊ ရှားပင်ကျေးရွာအုပ်စု၌ (၁၀၃)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ ပြည်သူများအား ဆန္ဒမဲပေးရာတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲကျင်းပ
Aug 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်ချမ်းသာဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက ပြည်သူများအား ဆန္ဒမဲပေးရာတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး(ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး(ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဓမ္မာရုံကြီး၌ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။