သတင်းများ

တောင်ငူမြို့၌ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 20,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ဒဂုံတက္ကသိုလ်တွင် လူငယ်ရေးရာ ဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံတိုက်ကွမ်ဒို၊ Fitness Dance သင်တန်းဆင်းပွဲကျင်းပ
Aug 20,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဘာသာရပ်ပေါင်းစုံ တိုက်ကွမ်ဒို၊ Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ဒလမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ အလယ်ကျောင်း ဘုန်းတော်ကြီးသင်မူလတန်း(လွန်)ကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် မြတ်မြင့်မိုလ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုနှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း"၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Aug 20,2025
ကျောင်းသား/သူများ၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံ‌ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၁၁)ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကျင်းပ
Aug 20,2025
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး မြို့နယ်ဂုဏ်ဆောင် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရေး လူငယ်လူရွယ်များ အားကစားအပေါ် စိတ်ပါဝင်စားမှုရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယနေ့နံနက်က မြို့နယ်အားကစားခန်းမတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။
ကမာရွတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)၌ လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဦးဆောင်၍ ဆွေးနွေးပေးခဲ့ကြောင်း သိ ရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု ကြည့်ရှုအားပေး
Aug 20,2025
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်နေ ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်က လောဓမ္မရပ်ကွက်၊ ကြည်သာယာဓမ္မာရုံ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ပြင်ဦးလွင်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ
Aug 20,2025
လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ‌‌အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တွင် ကျင်းပရာ ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။