သတင်းများ

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီဉက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဥ် ကျင်းပ
Aug 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်း ကောင်စီဉက္ကဋ္ဌဖလား ဘောလုံးဗိုလ်လုပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်းရှိ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု၊ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနား တက်ရောက်
Aug 21,2025
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၈ ကွင်း၊ တောင်သူ ဦးထွန်းဝေ၏ လယ်ငါးဧကအား အောင်နိုင်တိုးစပါးစိုက်ပျိုးထားရှိမှုအပေါ် ကောက်ကွက်ဖာခြင်းအား ကွင်းဆင်းကြည့်ရှု့ခြင်း၊ ကျွန်းတပဲ့အုပ်စု၊ ကွင်းအမှတ် ၁၈၁၃ တောင်သူဦးဝင်းလွင်၏ လယ်ငါးဧကအား ဆင်းသုခစပါးမျိုးစိုက်ပျိုးနေမှုအားကြည့်ရှုခြင်းနှင့် ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၂ ကွင်း တောင်သူဦးဇော်မင်း၏ လယ်နှစ်ဧကအား ရေဆင်းပေါ်ဆန်း-၂ မျိုးစပါးစိုက်ပျိုးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးနှံများအထွက်တိုးစေရေးအတွက် မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ကောင်းမွန်အောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သီးနှံအထွက်တိုးစေရေးအတွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတို့ကို အချိုးကျစွာသုံးစွဲမှသာ ပန်းတိုင်အထွက်နှုန်းကျော်လွန်စွာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Aug 21,2025
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 21,2025
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရွာတော်သို့  သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေး
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲမှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။
မိုင်းပျဉ်းမြို့နယ်၌ ကာယပညာနှင့် အားကစားလုပ်ငန်း မွမ်းမံသင်တန်း ဖွင့်လှစ်
Aug 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပညာရေးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယပညာနှင့် အားကစားလုပ်ငန်း PE Exercise (အတွဲအမှတ် ၃/၄)နှင့် Fitness Exercise (PE-22) မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မြို့နယ်ပညာ‌ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 21,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ် Full Moon ကိုယ်ပိုင်ကျောင်း၌ ငလျင်ဘေး၊ ရေဘေး၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Aug 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေး၊ ရေဘေးနှင့် မီးဘေးများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ Full Moon ကိုယ်ပိုင်ကျောင်း၌ ငလျင်ဘေး၊ ရေဘေး၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။