ဆင်ပေါင်ဝဲမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ပေးအပ်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများပေးအပ်ရာ ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်သည့် ဘိုးဘွားများက ကိုယ်စားလှယ်များဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ လူမှုရေးပင်စင်ငွေများ ထုတ်ပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းမှ သက်ကြီးဘိုးဘွား (၃၆)ဦးအတွက် စုစုပေါင်းငွေကျပ် (၂,၁၃၀,၀၀၀/-)သိန်းအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့် ဝန်ထမ်းများတို့မှ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၃၆)ဦးအား ပေးအပ်ပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများကို သတ်မှတ်ရက်များအလိုက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)