ညောင်ဦးမြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ညောင်ဦး စက်တင်ဘာ ၁၆

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် UNEP ၏ အမှုဆောင် ဒါရိုက်တာတို့မှပေးပို့သော ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Message များအားပြသခြင်း၊ ၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video Clip ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဆုရရှိသူများအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီး မြှင့်ကြသည်။

အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ရိုက်ကူးခဲ့ကြောင်းသိရသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်သည်တော်များမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော အသိပညာပေး ပိုစတာ/ဘုတ်များ၊ ပတ်ဝန်းကျင်အရည်အသွေး တိုင်းတာရေးကိရိယာများနှင့် ဆုရစာမူများ ပိုစတာ/ဘုတ်များအား လှည့်လည်ကြည့်ရှုကြရာ ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်သိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်ကသိရှိလိုသည်များအား ရှင်းလင်းပြသသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း