သတင်းများ

မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာနှင့် Biometric Data ကောက်ယူ၍ UID များ ထုတ်ပေး
Aug 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်၍  ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စုပေါင်း ၆၀ ကျော် ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးထား
Aug 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယမန်နေ့ညနေပိုင်းအချိန်ထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုပေါင်း ၆၀ ကျော်ကို ကြိုတင်ပြောင်းရွှေ့ပေးထားကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
ကျိုက်လတ်မြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြို့နယ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနား တက်ရောက်
Aug 21,2025
နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး
Aug 21,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 21,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဩဂုတ် ၁၉ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်များမှ ပြည်သူများ တက်ရောက်ခဲ့သည်။
တာချီလိတ်မြို့၌ မြို့နယ်ပညာရေးမှူး(ဖလား) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ
Aug 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်ပညာရေးမှူး (ဖလား) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက တာချီလိတ်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ GAHP နှင့် နွားမွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်လှစ်
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား GAHPနှင့် နွားမွေးမြူထုတ်လုပ်ရေးသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။