တောင်ငူ စက်တင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူး၍ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမြတ်မြတ်သင်းက အမှာစကားပြောကြားပြီး ကျွမ်းကျင်သူနည်းပြများက ဒစ်ဂျစ်တယ်နည်းပညာ၊ သိမြင်နားလည်တတ်မြောက်ခြင်းနှင့် မိမိလုပ်ငန်းများ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology)၊ Digital Tools များအကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Trans Formation) နှင့် နည်းပညာပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ MSMEs လုပ်ငန်းများတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ Online စနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဌာနမှ Micro လုပ်ငန်းများအတွက် Online Registration ဆိုင်ရာနည်းလမ်းများအား တောင်ငူခရိုင်အတွင်းရှိ အသေးစား ကုန်ထုတ်လုပ်ငန်းရှင် (၂၀)ဦးအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင်ကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို