ပြည်ကြီးတံခွန် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်နှင့် တောင်မြင့်ရပ်ကွက်တို့၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဦးမြရာကြွယ် ဓမ္မာရုံနှင့် ဘာသာရေးစာသင်ကျောင်းတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးကျော်စိုးဝင်းက မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံမဲပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ် မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ကျဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခင်တိုးတိုးညွန်နှင့်အဖွဲ့ဝင်များ၊ ပြည်သူလုံခြုံရေးစိုင်းမင်းစံနှင့် အဖွဲ့ဝင်များ၊ ယာတော်ရပ်ကွက်နှင့် တောင်မြင့်ရပ်ကွက်မှအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယာတော်ရပ်ကွက်မှ ရပ်ကွက်နေပြည်သူ(၅၅၀)ဦးခန့်၊ တောင်မြင့်ရပ်ကွက်နေ ပြည်သူ (၁၀၀၀)ဦးခန့် တက်ရောက်ကာ တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်