ပိုင်ကျုံ ဧပြီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏(၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ပထမအပတ်တွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်
အဆိုပါဘုရားပွဲကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသနေပြည်သူများနှင့် စေတနာရှင်များတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဗုဒ္ဓပူဇနိယအသံမစဲပဠာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း၊ ယင်းနောက် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်မင်္ဂလာနှင့်ဆွမ်းကြီးလောင်း အလှူတော်မင်္ဂလာ ဆက်လက်ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၌ တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူအနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလတွင် နှစ်စဉ်အမြဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)