မိုင်းတုံ ဧပြီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဦးအောင်ဇေယျာဘုန်းကြီးကျောင်း၌ မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်း ဦးဆောင်၍ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖွင့်လှစ်ခဲ့သည် ။
ရှေးဦးစွာ ဆရာတော်နှင့် တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးနှင့်အဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်း နှင့်အဖွဲ့များ၊ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲတွင် တက်ရောက်သည့် ကလေးငယ်များမှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မန္တလေးစာသင်တိုက် ဆရာတော်ဓမ္မဓရ အရှင်ဉူးပညာဒီပက ဩဝါဒစကားမိန့်ကြားပြီးနောက် မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက ကလေးငယ်များကို ဗုဒ္ဓ၏ ယဉ်ကျေးလိမ္မာသည့်သားငယ်/သမီးငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ၁-၄-၂၀၂၄ မှ ၁၀-၄- ၂၀၂၄ အထိဖွင့်လှစ်ပြီး ၁ နာရီမှ ၃ နာရီ ၃၀ အချိန်ထိ တစ်ရက်လျှင် နှစ်နာရီခွဲသင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းနှင့် ယင်းသင်ကြားမှုကို မန္တလေးစာသင်တိုက် ဆရာတော်ဓမ္မဓရ အရှင်ဉူးပညာဒီပကသင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းထံမှ သိရှိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)