မိုင်းယောင်းမြို့တွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးနိုင်ရေး ရှောင်တခင်စစ်ဆေးခြင်း ဆောင်ရွက်

မိုင်းယောင်း ဧပြီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးနိုင်ရေး ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က မိုင်းယောင်း-မိုင်းယုသွား လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူများပါဝင်သော မြို့နယ်တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့က မြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)