နတ်မောက်မြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေး

နတ်မောက် ဧပြီ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ နေနိုင်ရေးအတွက် နတ်မောက်မြို့နယ် ကျေးရွာများရှိ ကလေးငယ်များအား မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များကို လစဉ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လစဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံသားဖွားဆရာမနှင့် ဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ အသက်အပိုင်းအခြားအလိုက် ကလေးငယ်များအား ဘီစီဂျီ ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး(၉)မျိုးနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း