ကြံခင်း ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား မူလအမည်ဖြစ်သော ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးတွင်ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ပြောင်းလဲအသုံးပြုခြင်း အနေဖြင့် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များကို အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်နာယူကြကာ လှူဖွယ်ဝထ္ထုများဆက်ကပ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်တင်ကာ မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စုပေါင်းမှတ်တမ်းရိုက်ကူးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)