စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံတူပန်းချီ ပြိုင်ပွဲကျင်းပ

စစ်ကိုင်း ဧပြီ ၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွားအသုံးချတတ်စေရန်ရယ်ရွယ်ကာ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် စေတနာ့ဆရာ ပန်းချီပညာရှင်တစ်ဦးက ကလေးငယ်များကို အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ သင်ကြားပြသခဲ့သည့် အခြေခံပန်းချီပညာရပ်တွေကို မှတ်မိသလောက်နှင့် စိတ်ဝင်စာစွာလေ့လာမှတ်သားမှုအခြေအနေများကို သိရှိနိုင်ရန်အတွက် ပုံတူပန်းချီကို လက်တွေ့ရေးဆွဲသွားကြပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြောကြားကာ ပြိုင်ပွဲဝင်ပန်းချီပုံရေးဆွဲ၍ ယှဉ်ပြိုင်ကြစေရာ ကလေးငယ်များက တစ်ပျော်တစ်ပါး ယှဉ်ပြိုင်ရေးဆွဲခဲ့ကြသည်။

ဆက်လက်၍ ပန်းချီပညာရှင်က ပြိုင်ပွဲဝင်ပန်းချီပုံများကိုကြည့်ရှုပြီး ဆုရရှိခဲ့သည့်ပုံများကို သုံးသပ်ပြောကြား၍ ဆုမရရှိခဲ့ကြသည့် ကလေးငယ်များကိုလည်း ဆက်လက်လေ့လာကြိုးစား သွားကြဖို့ မှာကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများကို အခြေခံပန်းချီသင်တန်းဆင်းပွဲတွင် ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)