သတင်းများ

မိုးကုတ်မြို့၌ ၁၃၈၅ ခု၊  အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာဘာသာစတင်ဖြေဆို
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို  မတ်လ ၂၈ ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်က မိုးကုတ်မြို့နယ် ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က အ.ထ.က (၆) အောင်ကျော်ခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် Biometric Data ကောက်ယူခြင်းကို မြို့နယ်၊ ခရိုင်ရုံးနှင့် ရပ်ကွက် အသီးသီးတို့တွင် ပြုလုပ်ပေးသွားမည်
Mar 30,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် Biometric Data ကောက်ယူပြီး UID (Unique Identification Number) ထုတ်ပေးခြင်း ဧပြီလ (၁) ရက်နေ့မှ စတင်၍ မြို့နယ်၊ ခရိုင်နှင့် ရပ်ကွက်ရုံးများတွင် နေရာခွဲ၍ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီတိမ်းရှောင်လာသော ပြည်သူများအား ဒုတိယအကြိမ် သွားရောက်တွေ့ဆုံအားပေး၍ မိသားစုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများအတွက် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်
Mar 30,2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောနယ်မြေအခြေအနေအရ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ၊ နောင်တာလော၊ နောင်ချိန်း၊ ခေတ်ချိုကျေးရွာများရှိ ဘာသာရေးကျောင်းများ၊ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနား KBC IDPs စခန်းသို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မရမ်းကုန်းမြို့နယ် အ.ထ.က (၁) ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ယနေ့နံနက် (၇) နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အလုံခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 30,2024
အလုံခရိုင်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြို့နယ်လမ်းဦးစီးဌာနမှ ယာဥ်မောင်းများ လမ်းမကြီးတွင် လိုက်နာရမည့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Mar 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တနင်္သာရီမြို့နယ် (မြိတ်-ကော့သောင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ  တနင်္သာရီတံတား စစ်ဆေးရေးဂိတ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သီဟနှင့် ဝန်ထမ်း (၄) ဦး တို့က “လူ့အသက်တွေ ကယ်တင်ဖို့ လမ်းစည်းကမ်းကို လိုက်နာစို့” ဆောင်ပုဒ်နှင့်အညီ တံတားစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ အမှတ် (၅၅၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးမိုးဇော်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ဒုရဲအုပ်မျိုးမင်းဇော် ဦးစီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍  ယနေ့နံနက် (၇) နာရီအချိန်က  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ  ဆောက်လုပ်ရေးဝန်ကြီးဌာန သဘာဝပတ်ဝန်းကျင်လူမှုရေးရာနှင့် လမ်းအန္တရာယ်ကင်းရှင်းရေးဌာနခွဲမှ “လမ်းဦးစီးဌာန၏ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အင်ဂျင်နီယာဘာသာရပ် အရင်းအမြစ်များ ပိုမိုကျယ်ပြန့်ပြီး လမ်းတည်ဆောက်ရာတွင် အလေးထားထည့်သွင်း လိုက်နာဆောင်ရွက်စေရန် အဓိကလမ်းစီမံကိန်းအားလုံး၏ လမ်းတည်ဆောက်ရေး အဆင့်တိုင်းတွင်  Road Safety Audit လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လာစေရန်၊ ယာဉ်မတော်တဆဖြစ်မှု မကြာခဏဖြစ်ပွားသည့် နေရာများနှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းများအား စုံစမ်းဖော်ထုတ်ခြင်း၊ ပြန်လည်ကုစားမည့် နည်းလမ်းများနှင့် ဆောင်ရွက်ရမည့် အစီအစဉ်များအား သတ်မှတ်ဆောင်ရွက်ခြင်း” စသည့် ရည်ရွယ်ချက်များဖြင့် အသိပညာပေး လက်ကမ်းစာစောင်များကို မော်တော်ယာဉ်မောင်းနှင်သူများ၊ ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေကြသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Mar 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။