ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မရမ်းကုန်းမြို့နယ် အ.ထ.က (၁) ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မရမ်းကုန်း မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ယနေ့နံနက် (၇) နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ မရမ်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း  သန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ယဉ်မော်(ပြန်ဆက်)