သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို  (၂)ရပ်ကွက်၊ သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီတော်ရှိ သုံးထပ်သာသနာ့ဗိမ္မာန်တော်ကြီး၌ ယမန်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ  ၄ နာရီထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆိုင်ရာ ကွန်ပျူတာမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) ဆင်းပွဲ ကျင်းပ
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ဌာန၏ရုံးလုပ်ငန်း၊ ကွင်းလုပ်ငန်း(စ.ထ.ထ.ရ)ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ e.Government ကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား အထောက်အပံ့ဖြစ်စေရန်၊ ဌာနတွင် ကွင်းလုပ်ငန်း၊ ရုံးလုပ်ငန်းဘက်စုံကျွမ်းကျင်သည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန်၊ ဌာန၏မူဝါဒနှင့် ရည်မှန်းချက်များ အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန်၊  လုပ်ငန်းတင်ပြချက်အစီရင်ခံစာများအား စံချိန်စံညွှန်းနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မတ်လ ၁၄ရက်နေ့မှစတင်ကာ (၁၂)ရက်ကြာဖွင့်လှစ်ခဲ့သည့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆိုင်ရာ ကွန်ပျူတာမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး သင်တန်းခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နွေရာသီ သံပုရာသီးများဈေးကောင်းရရှိ စိုက်ပျိုးသည့်တောင်သူများအကျိုးအမြတ်များရရှိ
Mar 29,2024
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံမြေများတွင်စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များ နွေရာသီအသီးသီးရင့်ချိန်တွင် မိုးရာသီရောင်းချရချိန်ထက် ဈေးနှုန်းပိုမိုရရှိ၍အကျိုးအမြတ်များစွာရရှိကြောင်း ဥယျာဉ်ခြံ‌မြေတွင်သံပုရာပင်စိုက်ပျိုးသူများထံမှ သိရသည်။
မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Mar 29,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကွမ်ကဗွီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို မတ်လတတိယအပတ်က ဆောင်ရွက်ပေးခဲ့သည်။
ငွေဆောင်မြို့မီးသတ်ဦးစီးဌာနမှ မြို့အတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံသတိပေးနှိုးဆော်
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနမှ မြို့အတွင်းမီးဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ် (၁,၂,၃) မြို့ပေါ်ရပ်ကွက်များ အတွင်း မီးဘေးသတိပေး လိုက်လံဆော်သြခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မတ်လ (၂၉) ရက်နေ့ နံနက် (၈) နာရီမှ (၁၂ )နာရီထိ အပတ်စဥ်သောကြာနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကြံခင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 29,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအန္တရာယ်မှကင်းဝေးစေရန်နှင့် တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်နိုင်သော ရောဂါများအားသိရှိနိုင်စေရန်ရည်ရွယ်ပြီး   ခွေးရူးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က (အ.ထ.က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟင်္သာတခရိုင် ပြန်ဆက်ရုံးတွင် ဖွင့်လှစ်လျက်ရှိသော "လူငယ်များအသိအလိမ္မာ ဥာဏ်ပညာ ဖွံဖြိုးတိုးတက်ရေး" သင်တန်းသားများ နယ်မြေဒေသ လေ့လာရေး ခရီးထွက်
Mar 29,2024
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော "လူငယ်များ အသိအလိမ္မာ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးသင်တန်း" မှသင်တန်းသားသင်တန်းသူများသည် မတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီက ဟင်္သာတမြို့နယ်အတွင်းသို့ လေ့လာရေးခရီးထွက်ကာ ဒေသန္တတရဗဟုသုတများ တိုးပွားရေး လှည့်လည်လေ့လာခဲ့ကြသည်။