Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘိုးပြည့် ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ရေပေးရေး၊ ကုန်ထုတ်လမ်း၊ တံတားနှင့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ရေပေးရေး၊ ကုန်ထုတ်လမ်း၊ တံတားနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်
Apr 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်မူလတန်းကြိုကျောင်းမှ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ၏ ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ချီး မြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 01,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် မြန်အောင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် မင်္ဂလာအချိန်၌ အဆိုပါရုံးများရှေ့တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Apr 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နှစ်ကျိတ်ရှစ်ဆူ ဘုန်ကြီးကျောင်းတွင် ဝမ်နားကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ရှင်းလင်းတိကျစွာ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5312
Page
5313
Page
5314
Page
5315
Current page
5316
Page
5317
Page
5318
Page
5319
Page
5320
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department