အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးသင်တန်းစခန်း၌ ရေကြောင်းလူငယ် အခြေခံ/တန်းမြင့် သင်တန်း အမှတ်စဉ် ၁/၂၀၂၄ နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကျင်းပ
Apr 22,2024
ကျောင်းသားကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အသိပညာ၊ အတတ်ပညာများ တိုးပွားစေရန်၊ ရေကြောင်းဆိုင်ရာ ဘာသာရပ်များနှင့် လေကြောင်းဆိုင်ရာဘာသာရပ်များကို စိတ်ပါဝင်စားသည့် ကျောင်းသား/ကျောင်းသူ လူငယ်များကို ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ အခြေခံဘာသာရပ်များအား ကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်ကာ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရေကြောင်းနှင့် လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် စိတ်ပါဝင်စားမှု ပိုမိုတိုးပွားလာစေရေး၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ရေကြောင်းလူငယ် အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။