သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရောက်
Mar 29,2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပလျက်ရှိ
Mar 29,2024
ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ၁၃၈၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း (၂) ဖြေဆိုလျက်ရှိသည်။
ပဲခူးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်
Mar 29,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ စတင်ဖြေဆိုလျက်ရှိ
Mar 29,2024
ပဲခူးတိုင်း ဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို တိုက်ကျာင်းပါဠိတက္ကသိုလ်ကျာင်းတိုက်တွင် မတ်လ ၂၈ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိရာ ဒုတိယနေ့အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဦးဘလွင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
သထုံမြို့၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဆက်လက်ကျင်းပ
Mar 29,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်းဖြေဆိုခြင်းကို ဒုတိယနေ့အဖြစ် ‌မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၊ သထုံစာဖြေဌာန၌ ယနေ့ နေ့လယ်က ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Mar 29,2024
ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဆက်လက်ဖြေဆိုတော်မူကြသည်။
တာမွေမြို့နယ်တွင် အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာ စားသောက်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။