ကြို့ပင်ကောက် မတ် ၂၉
ပဲခူးတိုင်း ဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို တိုက်ကျာင်းပါဠိတက္ကသိုလ်ကျာင်းတိုက်တွင် မတ်လ ၂၈ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိရာ ဒုတိယနေ့အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲဒုတိယနေ့သို့ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်တို့မှ သံဃာတော် ၆၅ ပါးနှင့် သီလရှင်ဆရာလေး ၂၆ ပါး၊ စုစုပေါင်း ၉၁ ပါးတို့က ဒုတိယနေ့ဘာသာရပ်အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။
အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များက ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား နေ့ဆွမ်း၊ အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇေယျာထွန်း