သထုံမြို့၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဆက်လက်ကျင်းပ

သထုံ     မတ်     ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်းဖြေဆိုခြင်းကို ဒုတိယနေ့အဖြစ် ‌မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၊ သထုံစာဖြေဌာန၌ ယနေ့ နေ့လယ်က ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

သထုံစာဖြေဌာနတွင် ယခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(ဒုတိယ)တွဲအား သံဃာတော် ၈၉ ပါးနှင့် သီလရှင် ၃ ပါး၊ စုစုပေါင်း ၉၄ ပါး လာရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့်သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှ ကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများဆပ်ကပ် လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းစသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓမ္မာစရိယစာမေးပွဲကို ‌မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မတ်လ ၆ ရက်နေ့မှစတင်ကာ အစိုးရပါဠိပထမပြန်စာမေးပွဲ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းနှင့် ဓမ္မာစရိယဂုဏ်ထူးတန်း စာမေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်