ပဲခူး မတ် ၂၉
ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဆက်လက်ဖြေဆိုတော်မူကြသည်။
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ပဲခူးခရိုင်အတွင်းရှိ စာသင်တိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင် (၄၁၁) ပါး ဖြေဆိုလျက်ရှိပြီး ပဲခူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့် ဖြေဆိုကြပြီး စာမေးပွဲအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့် သီလရှင်များအား အအေးများ၊ ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)