ဒဂုံမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒဂုံ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဦးဘလွင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့၀င် (၂) ဦးမြင့်အေးက သင်တန်းဆင်းမိန့်ခွန်းကို ပြောကြားခဲ့ပြီးဒဂုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြနှင်းထွေးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးသိန်းလင်းအောင်က သင်တန်းနည်းပြများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး Grade 8 တွင် ပညာသင်ယူခဲ့သော မစန္ဒာမိုးဆွေမှ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ဘတ်စကတ်ဘော၊ တိုက်ကွမ်ဒို၊ Fitness dance သင်တန်းတို့တွင် တိုက်ကွမ်ဒိုသင်တန်းကိုတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတက်ရသည့် အကျိုးကျေးဇူးများကို သင်တန်းသား/ သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းနည်းပြများ၊ တက်ရောက်လာသော တာ၀န်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ​​ကြောင်း သတင်းရရှိပါသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)