သဲကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သဲကုန်း မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက မြန်မာရိုးရာ နှစ်သစ်ကူးမဟာသကြင်္န်ပွဲတော် ကျင်းပမည့်အစီအစဉ်များနှင့် ပတ်သက်၍ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို ဆောက်လုပ်မည်ဖြစ်ပြီး  မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ပျော်ရွှင်စွာရေကစားကြရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သံဃာ‌တော်များက မြို့တွင်းအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားကန်တော့နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)