ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများအား စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကန်ကြီးထောင့် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပျက် ဆောင်ရွက်လျက်ရှိရာ  ယ‌မန်နေ့ နေ့လည် (၁) နာရီ အချိန်က အ.ထ.က ကန်ကြီး‌ထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အ.ထ.က ကန်ကြီး‌ထောင့်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေး သင်တန်းတက်ရောက်လျက်ရှိသော ဆရာ/ဆရာမများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့်ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ တိတိကျကျ စာကင်းကောက်ယူရေး၊  စောလျင်စွာ တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုသူအား ဦးစားပေးရွေးချယ်ရေး၊ စစ်မှုထမ်းရန် အကျုံးဝင်သူများစာရင်း ပြုစုကာ မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ထံ တင်ပြ၍ မှတ်ပုံတင်စာရင်းသွင်းခြင်းများ အဆက်မပြတ် ဆောင်ရွက်ရေး၊ စစ်မှုထမ်းရန်အကျုံးဝင်သူအားလုံး တပြိုင်တည်း တာဝန်ထမ်းဆောင်ရန် မလိုဘဲ လိုအပ်သလောက်သာ နှစ်အလိုက် အလှည့်ကျပါဝင်ရေးနှင့် ကောလဟာလသတင်းမှားများ မယုံကြည်ရေး အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား  လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါဟောပြောပွဲအခမ်းအနားသို့ ဆရာ/‌‌‌‌‌‌‌‌ဆရာမ (၃၀၀) ဦးခန့်က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)