သတင်းများ

မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီက မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာ‌ဈေးနှင့် ဈေးပတ်လည်ရှိလမ်းဆုံများ၊ ကားဂိတ်ရှိ ခရီးသွားပြည်သူများ၊ ကဖီးဆိုင်များ၌ ဌာနဆိုင်ရာများ စုပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 31,2024
မန္တ​လေးခရိုင်၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ အားကစားသင်တန်းများအား မတ်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ အားကစားနည်း(၈)ဖြင့် သင်ကြားပေးခဲ့ရာ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် မြို့နယ်အားကစားကွင်း၌ ​သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
လဲချားတွင် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 31,2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နွေရာသီအားကစားသင်တန်းများကို အားကစားနှင့် ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် ဖွင့်လှစ်ပေးခဲ့ရာ ကရာတေး၊ ဘော်လီဘော၊ ခြင်းခတ်၊ စားပွဲတင် တင်းနစ်၊ Fitness dances၊ ဘော်လုံး၊ ကြက်တောင်ရိုက် စသည့်အားကစားနည်းများ၏ သင်တန်းဆင်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်
Mar 31,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ၂၉-၃-၂၀၂၄ ရက်နေ့က ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ၌ လူငယ်များ အသိအလိမ္မာ၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော လူငယ်များ အသိအလိမ္မာ၊ ဉာဏ်ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဓမ္မအလင်းတန်း ဓမ္မစင်္ကြာဝတ်ရွတ်အသင်းမှ ကြီးမှူးကျင်းပသော (၁၂) ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သာသနာ့မဉ္ဇူဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ဓမ္မအလင်းတန်း ဓမ္မစင်္ကြာဝတ်ရွတ်အသင်းမှ ကြီးမှူး ကျင်းပသော (၁၂) ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၂) ဦးကျော်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညောင်ဦမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 31,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အဖွဲ့ ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လာရောက်ကြည့်ရှုစစ်ဆေး
Mar 31,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း သာယာလှပစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။