မဟာအောင်မြေမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မဟာအောင်မြေ မတ် ၃၁

မန္တ​လေးခရိုင်၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ အားကစားသင်တန်းများအား မတ်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ အားကစားနည်း(၈)ဖြင့် သင်ကြားပေးခဲ့ရာ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် မြို့နယ်အားကစားကွင်း၌ ​သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းများနှင့်ပတ်သက်၍ မြို့နယ်အားကစားမှူး ဦးရှီးမွန်နှင့် အားကစားနည်းအလိုက် သင်တန်းနည်း​ပြများမှ ဦးဆောင်ကျင်းပပေးခဲ့ပြီး မဟာအောင်မြေမြို့နယ်အနေဖြင့် "တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်အောင်မြင်သည့်အားကစားသမား ပေါ်ထွက်လာစေရန်၊ အချင်းချင်းချစ်ကြည် ​ရင်းနှီးမှုရရှိ​စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများကို မြို့နယ်ပြည်သူ့အားကစားကွင်း၊ စိန်ပန်းအားကစားကွင်းများ၌ (၁.၃.၂၀၂၄)ရက်နေ့မှ (၃၀.၃.၂၀၂၄)ရက်နေ့အထိ အားကစားနည်း(၈)နည်းဖြင့် အားကစားဝါသနာရှင် သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာသင်ယူခဲ့ကြပြီး မတ်လ(၃၀)ရက်နေ့တွင် အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းအလိုက် ဘောလုံးအသင်းများခွဲ၍ သင်တန်းသား/သူများ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်အတွက် ဘောလုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ပထမဆုရအသင်းအား ငွေကျပ်(၅)သောင်းနှင့် ရွှေတံဆိပ်ဆုဆွဲပြားများ၊ ဒုတိယဆုရအသင်းအား ​ငွေကျပ် (၃)သောင်းနှင့် ငွေတံဆိပ်ဆု ဆွဲပြားများအား မြို့နယ်အားကစားမှူး ဦးရှီးမွန်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဦးမောင်မောင်ဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း