သတင်းများ

ဗိုလ်တထောင်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၉ ရက်နေ့ ညနေ(၃)နာရီအချိန်က အ.ထ.က (၆) အောင်ကျော်ခန်းမ၌ ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမြတ်မင်္ဂလာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ် ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနား ကို မတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက်နေ့ ညနေ‌ပိုင်း(၃)နာရီအချိန်က (၄၆)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကြက်သွန်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Mar 31,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများသည် မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးထားသော မိတ်စားကြက်သွန်နှင့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
တာမွေမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ (၁၂၆)ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၅)နာရီခွဲအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် သမ္မာဒိဌိလမ်းရှိ ဆုတောင်းပြည့် နန္ဒဝန်စေတီတော်ရင်ပြင်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် နွေစပါးစိုက်ခင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုအားပေး
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို သာယာဝတီ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ယနေ့ နံနက် ၇ နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။