သတင်းများ

နတ်မောက်မြို့နယ် မြို့မဈေးကြီးသာယာလှပစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေး
Mar 31,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မြို့မဈေးကြီးသာယာလှပစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးရောင်းချသူမိသားစုများ ဈေးကောင်းသဖြင့် အဆင်ပြေလျက်ရှိ
Mar 31,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်ပတ်လည်ဝင်ငွေ ရရှိရေး ကျွန်းမြေများနှင့် သဲနှုန်းမြေပိုင်ဆိုသူ တောင်သူများအနေဖြင့် မိသားစုတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် အဖြစ် ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးပြီး ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးသူများအနေဖြင့် ရောင်းချရာတွင် ဈေးကွက်ဝင်ပြီး ဈေးကောင်းသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့ သင်တောရိုးအုပ်စုတွင် နွေစပါးစိုက်ခင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု့အားပေး
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူးမှ ယနေ့နံနက် ၇ နာရီခန့်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများ တိုးချဲ့စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Mar 31,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ငှက်ပျောသီးနှံများ တိုးချဲ့စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ စာပေတင်းကုပ်တွင် ဆရာနေမင်းသန်း(မဲခေါင်စာပေဆုရ)၏ ကဗျာစာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Mar 31,2024
မန္တလေးမြို့ စာပေတင်းကုပ်တွင် စာရေးဆရာနေမင်းသန်း(မဲခေါင်စာပေဆုရ)၏ နေတစ်စင်းနှင့် လမင်းတစ်ရာ ကဗျာများစာအုပ်အား စာအုပ်မိတ်ဆက်ခြင်းနှင့် မန္တလေးခရိုင်အတွင်းရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီ နန်းရှေ့အောင်မြေသာစံမြို့နယ် စာပေတင်းကုပ်၌ ကျင်းပခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၄)ဖွင့်လှစ်
Mar 31,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း အခြခံသင်တန်း(၂/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်‌နေ့ မွန်းလွဲ ၂ နာရီအချိန်က ၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။