လဲချား မတ် ၃၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နွေရာသီအားကစားသင်တန်းများကို အားကစားနှင့် ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် ဖွင့်လှစ်ပေးခဲ့ရာ ကရာတေး၊ ဘော်လီဘော၊ ခြင်းခတ်၊ စားပွဲတင် တင်းနစ်၊ Fitness dances၊ ဘော်လုံး၊ ကြက်တောင်ရိုက် စသည့်အားကစားနည်းများ၏ သင်တန်းဆင်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီးနောက် အားကစားမှူး ဦးထိန်လင်းက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းထူးချွန်သူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)